မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၉ မြို့နယ်မှာ ဒီဇင်ဘာ၂၈ ရက်က ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောပါတယ်။

အထွေထွေရွေးကောက်ပွဲအပိုင်း(၁)မှာ မကွေးတိုင်းဒေသကြီးက ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ မကွေး၊ ပွင့်ဖြူ၊ မင်းဘူး၊ သရက်နဲ့ အောင်လံမြို့နယ်တွေပါဝင်ခဲ့ပြီး မဲရုံ ၉၈၆ ရုံ ဖွင့်လှစ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးအတွင်း မဲပေးတဲ့လုပ်ငန်းစဉ်တွေနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ အခက်အခဲ မရှိခဲ့ဘူးလို့ ဦးခင်မောင်မြင့်က ပြောပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအပိုင်း(၂)မှာတော့ မကွေးတိုင်းဒေသကြီးအတွင်းက ၁၁ မြို့နယ် ပါဝင်ပါတယ်။




