၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်းလိုက် နေ့ရက်တွေမှာ ပြည်တွင်းနဲ့နိုင်ငံတကာ သတင်းမီဒီယာတွေကို သတင်းရယူခွင့်ပြုမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ပြည်တွင်းနဲ့နိုင်ငံတကာ သတင်းမီဒီယာသမားတွေအနေနဲ့ အပိုင်းလိုက်ကျင်းပမဲ့ ရွေးကောက်ပွဲနေ့ရက်တွေမှာ သတင်းရယူခွင့် သက်သေခံကတ်ပြား လျှောက်ထားတာကို ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က စတင်ကာ အပိုင်းလိုက်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို သတင်းရယူလိုတဲ့ သတင်းမီဒီယာတွေအနေနဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း တွေ၊ သတင်းမီဒီယာကျင့်ဝတ်နဲ့ သတင်းမီဒီယာသမားတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်တွေနဲ့အညီ လွတ်လပ်စွာ သတင်းရယူခွင့် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။သတင်းရယူမဲ့ ပြည်တွင်းမီဒီယာတွေကို အထွေထွေရွေးကောက်ပွဲကျင်းပမဲ့ ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင် ရာ မြို့နယ်တွေမှာ မီဒီယာတစ်ခုကို ၄ ယောက်နှုန်းနဲ့ သတင်းရယူခွင့် ပြုသွားမယ်လို့ ဆိုပါတယ်။ပြည်တွင်းသတင်းမီဒီယာသမားတွေအနေနဲ့ မိမိကိုယ်စားပြုတဲ့ ပြည်တွင်းသတင်း မီဒီယာအဖွဲအစည်းက ရွေး ကောက်ပွဲသတင်းရယူဖို့ တာဝန်ပေးစေလွှတ်ထားသူဖြစ်ကြောင်း အထောက်အထားစာကို တင်ပြပြီး သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ ရွေးကောက်ပွဲနေ့သတင်းရယူခွင့် သက်သေခံကတ်ပြား လျှောက်ထားရ မှာပါ။

အဲဒီအပြင် ပြည်တွင်းပုဂ္ဂလိကသတင်းမီဒီယာသမားတွေဟာ ကိုယ်တိုင်ရေးလျှောက်လွှာမှာ မိမိနဲ့ ဆက် သွယ်ဆောင်ရွက်နေတဲ့ ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းရဲ့ ထောက်ခံချက်စာကို တင်ပြကာ သက်ဆိုင်ရာ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ လျှောက်ထားရမှာဖြစ်ပြီး ခရိုင်တစ်ခုထက်ပို သတင်းရယူချင်ရင် သတင်း ရယူလိုတဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ ထပ်မံလျှောက် ထားရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။နိုင်ငံတကာသတင်းမီဒီယာတွေကတော့ ပြန်ကြားရေးဝန်ကြီးဌာနကို ရွေးကောက်ပွဲနေ့ သတင်းရယူခွင့် သက် သေခံကတ်ပြား လျှောက်ထားရမှာ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ထောက်ခံပေးတဲ့ နိုင်ငံတကာ သတင်း မီဒီယာအဖွဲအစည်း၊ ပုဂ္ဂိုလ်တွေကိုသာ ခွင့်ပြုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေးသွားမယ်လို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။




