ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ လှိုင်မြို့နယ်တို့မှာ မတ်လ ၉ ရက် မနက်ပိုင်းက မီးလောင်မှု တွေ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။မတ်လ ၉ ရက်၊ မနက် ၈ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှာ လူနေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမီးလောင်မှုကို Level 1 ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရသလို လူမှုကူညီရေး အသင်း အဖွဲ့တွေကလည်း ရေသယ်ယာဉ်တွေနဲ့အတူ ဝိုင်းဝန်းကူညီငြှိမ်းသတ်ပေးခဲ့ကြပြီး မနက် ၈ နာရီ ၂၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ဒါ့အပြင် လှိုင်မြို့နယ်၊ ၁ ၃ရပ်ကွက်၊ သီရိမြိုင် ၃ လမ်းမှာလည်း မတ်လ ၉ ရက် မနက် ၁၁ နာရီ ၂၈ မိနစ်က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။အဲဒီမီးလောင်မှုကို လှိုင်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၃ စီးနဲ့ ငြှိမ်းသတ်ခဲ့ရာ မနက် ၁၁ နာရီ ၃၄ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။




