မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာအနီးမှာ ဒီဇင်ဘာ(၂၅)ရက် ညနေပိုင်းက ကျောက်တင်ကား(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်မှာ လူ(၂)ယောက်သေဆုံးကာ (၁)ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂၅)ရက် ညနေ(၄)နာရီ မိနစ်(၅၀)အချိန်လောက်က ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာအနီးမှာ ကျောက်တင်ကား(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒိယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာကို ပေါင်မြို့နယ်မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

အဲဒိယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ (၃)ယောက်ထဲက အမျိုးသမီး(၂)ယောက်သေဆုံးခဲ့ပြီး အမျိုးသား (၁)ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်ကသေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူကို အနန္တမေတ္တာလူမှုကယ်ဆယ်ရေးအသင်းကယာဉ်နဲ့ မုတ္တမတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
photo-MFSD




