အမေရိကန်သမ္မတ ထရမ့်က ဒီနေ့ ဧပြီလ ၂၀ ရက် ပါကစ္စတန်မှာ ပြုလုပ်ဖို ရည်ရွယ်ထားတဲ့ ဆွေးနွေးပွဲကို ကိုယ်စားလှယ်လွှတ်မယ်လို့ ဆိုပေမဲ့ အီရန်ဘက်ကတော့ ဝါရှင်တန်ရဲ့ လွန်ကဲတဲ့ တောင်းဆိုမှုတွေနဲ့ ရေတပ် ပိတ်ဆိုမှုတွေကြောင့် ဆွေးနွေးပွဲတက်မှာ မဟုတ်ဘူးလို့ ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြလာပါ တယ်။

“ဝါရှင်တန်အစိုးရရဲ့ လွန်ကဲတဲ့တောင်းဆိုမှုတွေ၊ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ၊ ရပ်တည်ချက် ခဏခဏပြောင်းလဲတာတွေ၊ အမြဲတမ်းရှေ့နောက်မညီတာတွေအပြင် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက် ပြီး ရေတပ်နဲ့ ဆက်လက်ပိတ်ဆိုထားတာတွေကြောင့် ဒုတိယအကျော့ ဆွေးနွေပွဲကို မတက်ရောက်တာဖြစ်တယ်” လို့ အီရန်အစိုးရပိုင် IRNA သတင်းဌာနက ဖော်ပြပါတယ်။ သမ္မတ ထရမ့်ကလည်း “အမေရိကန်စစ်တပ်ဟာ အီရန် အလံတင် ကုန်တင်သင်္ဘောတစ်စင်းရဲ့ အင်ဂျင်ခန်းကို အပေါက်ဖောက်ပြီး သင်္ဘောကို စီးနင်းထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီသင်္ဘောကို ကျနော်တို့ အပြည့်အဝ ထိန်းချုပ်ထားပြီး ဘာတွေပါသလဲဆိုတာ စစ်ဆေးနေပါ တယ်”လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။




