အစ္စတန်ဘူလ်မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန်တို့ အောက်တိုဘာ ၃၁ ရက်က သဘောတူညီခဲ့ကြတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ အပစ်အခတ်ရပ်စဲရေးက အောက်တိုဘာ ၁၉ ရက်မှာ စတင်အသက်ဝင်ခဲ့တာပါ။ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေက ကဘူးလ်ကို သိမ်းပိုက်ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား အပြင်းထန်ဆုံး စစ်ရေး ပဋိပက္ခတွေကို ရင်ဆိုင်ခဲ့ရပြီး အခုလထဲမှာ ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အာဖဂန်နစ္စတန်ရဲ့ လက်တုံ့ပြန်မှုတွေကြောင့် ကုန်သွယ်ရေးနဲ့သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုတဲ့ အဓိကဖြတ်ကျော်ဂိတ်တွေ ကို ပိတ်ပစ်ခဲ့ရတာ ဖြစ်ပါတယ်။ “ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ ချိုးဖောက်သူအပေါ် ပြစ်ဒဏ်တွေ ချမှတ်မဲ့ယန္တရားတစ်ခု ထားရှိဖို့ နှစ်ဖက်စလုံး က သဘောတူညီခဲ့ကြတယ်လို့ တူကီယဲ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။




