ကျန်တဲ့ အပစ်ရပ်ကာလအတွက် ဟော်မုဇ် ရေလက်ကြားမှာ ရေနံနဲ့ ကုန်တင်သင်္ဘော အသွားအလာတွေ အားလုံး ပြန်ဖွင့်ပေးမယ်လို အီရန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့တာကို Reuters သတင်းမှာဖော်ပြပါတယ်။ လက်ဘနွန်မှာ အပစ်အခတ် ရပ်စဲထားချိန် ရေနံနဲ့ ကုန်တင်သင်္ဘောတွေအားလုံး ဖြတ်သန်းနိုင်ဖို ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာ့စ် အရက်ဂ်ချီ က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလက အီရန်ကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်မှုတွေကို တုံပြန်တဲ့အနေနဲ့ အီရန်က ကမ္ဘာ့ ရေနံတင်သင်္ဘော အသွားအလာအများဆုံး ရေကြောင်းလမ်းကို ထိထိရောက်ရောက် ပိတ်ထားခဲ့အပြီး အခုသီတင်းပတ် အစောပိုင်းက အမေရိကန်က ဟော်မုဇ် ရေလက်ကြားကို ရေကြောင်းကနေ ပိတ်ဆိုမှု စလုပ်မယ်လို ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ဟော်မုဇ် ရေလက်ကြားမှာ ရေနံနဲ့ ကုန်တင်သင်္ဘော အသွားအလာတွေ အားလုံး ပြန်ဖွင့်ပေးမယ်လို အီရန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ကြေညာခဲ့အပြီးမှာပဲ ရေနံစိမ်းစျေးတွေ ရုတ်တရက် ထိုးကျသွားခဲ့ပါတယ်။အစောပိုင်းတုန်းက ဘရန့် ရေနံစိမ်း တစ်စည်ကို ၉၈ ဒေါ်လာစျေး ရှိနေရာကနေ ကြေညာချက် ထွက်ပေါ်လာပြီးပြီးချင်းမှာပဲ ဒေါ်လာ ၉၀ အောက်ကို ကျဆင်းသွားခဲ့ပါတယ်။




