အမေရိကန်စစ်သားတွေ တပ်ဖြန့်ချထားရင် တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ တီဟီရန်က မတ်လ ၂၉ ရက်မှာ ပြော ကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ “ အမေရိကန်တွေက အီရန်ရဲ့လက်နက်ချမှုကို ရှာဖွေ နေသရွေ့ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုကတော့ ပြင်းထန်နေမှာလို့ အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီ ဘတ် က ပြောကြားထားပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ကလည်း အမေရိကန်က မြေပြင်ထိုးစစ် ဆင်လာရင် ပြန်လည်တိုက်ခိုက်မဲ့ စစ်သည်တစ်သန်း ရှိတယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ အခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားပါတယ်။ အီရန်တပ်တွေဟာ မြို့တော်တီဟီရန်မှာ အမေရိကန်တပ်တွေ မြေပြင်ထိုးစစ် ဝင်လာ မှာကို တားဆီးဖို့နဲ့ အခုစစ်ပွဲမစမီ ခါမေနီအစိုးရကို တစ်နိုင်ငံလုံးဆန့်ကျင်ခဲ့မှုနဲ့ သတ်ဖြတ်ခဲ့တဲ့ ပြည်သူ ၃၆၀၀ ကျော်အတွက် ပုန်ကန်တော်လှန်လာနိုင်တဲ့ ပြည်သူတွေကို စောင့်ကြည့်နှိပ်နင်းဖို့ ကင်းစခန်းများစွာ တိုးမြှင့်ထား တယ်လို့ သိရပါတယ်။




