လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးအခြေအနေဟာ အဆုံးအဖြတ်ပေးရမဲ့ အရေးကြီးတဲ့ အချိန်အခါတစ်ခုကို ရောက်ရှိနေပါတယ်။ လာမဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေအပေါ်မူတည်ပြီး ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်းဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ Bloomberg သတင်းးကဖော်ပြပါတယ်။

အထူးသဖြင့် အတိုက်အခံအင်အားစုတွေက လွှတ်တော်တွင်းမှာ နေရာရလာမယ်ဆိုရင် အစိုးရအပေါ်တင်းကျပ်တဲ့ စောင့်ကြည့်စစ်ဆေးမှုတွေအပြင် ရာထူးကဖယ်ရှားရေးလုပ်ငန်းစဉ်တွေအထိပါ ဦးတည်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။အစပိုင်းမှာတော့ ဒါဟာ သာမန်ဝေဖန်မှုလေးတွေသာ ဖြစ်ခဲ့ပေမဲ့ အခုအခါမှာတော့ ဆိုရှယ်မီဒီယာနဲ့ လူထုကြားထဲမှာ သမ္မတကို အရေးယူဖို့ တောင်းဆိုသံတွေက ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

ဒါဟာ ရိုးရိုးရှင်းရှင်း မူဝါဒသဘောထား ကွဲလွဲတာမျိုးထက် ကျော်လွန်ပြီး နိုင်ငံတော်အဆင့် တာဝန်ခံမှုရှိစေရေးအတွက် အရေးဆိုမှုတွေ ဖြစ်လာတာပါ။ဝါရှင်တန်ဒီစီမှာတော့ အခုလက်ရှိ သမ္မတအုပ်ချုပ်ရေးအဖွဲ့ရဲ့ တည်ငြိမ်မှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ များပြားနေပါတယ်။မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးဖိအားတွေကြားမှာ သမ္မတအနေနဲ့ ဆက်လက်ရပ်တည်နိုင်ပါ့မလားဆိုတာက အားလုံး စောင့်ကြည့်ရမယ့် အချက်ဖြစ်လာပါတယ်။



