အသင်းတချို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်ဗက်လီဝင်ဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပါတယ်။အသက် ၂၉ နှစ်အရွယ် ကယ်ဗက်လီဝင်ဟာ နည်းပြဖာကီရဲ့ လိဒ်အသင်းအတွက် အခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားခဲ့တာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ အဲဗာတန်အသင်းနဲ့ လမ်းခွဲပြီးနောက် လိဒ်ယူနိုက်တက်အသင်းဆီကို ၃ နှစ်စာချုပ်နဲ့ ရောက်လာခဲ့တဲ့ ကယ်ဗက်လီဝင်ရဲ့ စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်အထိ ရှိတာဖြစ်ပါတယ်။ဒါပေမဲ့ မန်ယူအပါအဝင် အသင်းတချို့က ကယ်ဗက်လီဝင်ကိုခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာခဲ့ပြီးနောက် လိဒ်အသင်းဟာ အဓိကတိုက်စစ်မှူး ကယ်ဗက်လီဝင်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးမှုတွေမှာ သဘောတူညီမှုရခဲ့ပြီးနောက် တိုက်စစ်မှူး ကယ်ဗက်လီဝင်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို လိဒ်ယူနိုက်တက်အသင်း ချုပ်ဆိုခဲ့ပါတယ်။တိုက်စစ်မှူး ကယ်ဗက်လီဝင်ကတော့ လိဒ်ယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပြန်လည်ခေါ်ယူတာကိုခံရဖို့ မျှော်လင့်နေတယ်လို့ ပြောထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
အာဆင်နယ်နှင့်ပွဲအတွက် ဟာလန်း စိတ်ထက်သန်နေ
One News
Nov 26, 2026 19တနင်္ဂနွေညမှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်အတွက် စိတ်အားထက်သန်နေပြီး အာဆင်နယ်အသင်းနောက်ခံလူ ဂါဘရီရယ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အရေးအတွက် ပြင်ဆင်ထားတယ်လို့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပြောကြားလိုက်ပါတယ်။
-
လူငယ်ကြယ်ပွင့် ဝီလျံဘားနက်ကို စပါးအသင်း စာချုပ်သစ် ချုပ်ဆို
-
ဇီဒန်းနှင့် နှိုင်းယှဉ်ချီးကျူးမှုများကို ဘယ်လင်ဟမ် ပယ်ချ
-
အခြားသူကိုမျှော်လင့်မည့်အစား ကိုယ်တိုင်ရုန်းထကြရန် မိုင်နူးတိုက်တွန်း
-
ဂိုးသမားရာယာ၏ဒဏ်ရာ ခွဲစိတ်စရာမလိုအပ်
-
စာချုပ်သစ်ဆွေးနွေးမှု ရပ်ဆိုင်းထားဟု ဖာနန်ဒက်စ် အတည်ပြု
-
ပီအက်စ်ဂျီကစားသမား ဒူရေး ပြင်းထန်သည့် ဒူးဒဏ်ရာရရှိ