ဘောလုံး • 1 min read
သတင်း

ပီအက်စ်ဂျီကစားသမား ဒူရေး ပြင်းထန်သည့် ဒူးဒဏ်ရာရရှိ

One News

Nov 22, 2026

ပီအက်စ်ဂျီကစားသမား ဒူရေး ပြင်းထန်သည့် ဒူးဒဏ်ရာရရှိ
0 Shares
6 Views

 

စနေညက နိုက်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်အမှတ်ပေးပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဒူရေးဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာကို ရရှိခဲ့ပြီးနောက် ကွင်းအတွင်းကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရပါတယ်။

နိုက်စ်အသင်းနဲ့ပွဲမှာ ပီအက်စ်ဂျီအသင်းအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပေမယ့် အသင်းရဲ့ အရေးပါတဲ့ နောက်ထပ်ကစားသမားတစ်ယောက် ဒဏ်ရာရခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ပွဲချိန် ၃၉ မိနစ်လောက်မှာ ဒူရေးက သူ့ရဲ့ညာဘက်ဒူးကို ဆုပ်ကိုင်လျက် လဲကျသွားခဲ့ပြီး အပြင်းအထန် နာကျင်နေတာကြောင့် ကွင်းအတွင်းမှာ ဆေးကုသမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဆက်မကစားနိုင်တော့လို့ ထမ်းစင်နဲ့ ကွင်းအပြင်ကို ထွက်လာခဲ့ရတာဖြစ်ပါတယ်။

ကွင်းအတွင်းကနေထွက်ခွာလာတဲ့ပုံစံအရ ဒူရေးရဲ့ဒဏ်ရာအခြေအနေက ပြင်းထန်ပုံရပြီး ဒါကပရိုဘောလုံးသမားဘဝမှာ ကြုံတွေ့ရလေ့ရှိတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတာကို နားလည်လက်ခံထားရမှာဖြစ်ပါတယ်လို့ နိုက်စ်အသင်းနဲ့ပွဲအပြီးမှာ ပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ်က ပြောပါတယ်။ဒူရေးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ခြေသလုံးကြွက်သားဒဏ်ရာ၊ ပေါင်ဒဏ်ရာတွေကြောင့် အချိန်ကာလ တစ်ခုကြာအနားယူခဲ့ရသလို ရှေ့တစ်ရာသီကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူထားခဲ့ရဖူးတာဖြစ်ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘောလုံး
သတင်း

စာချုပ်သစ်ဆွေးနွေးမှု ရပ်ဆိုင်းထားဟု ဖာနန်ဒက်စ် အတည်ပြု

One News

Nov 23, 2026 3

အခုချိန်မှာ အသင်းအတွက် နိုင်ပွဲတွေပြန်လည်ရရှိဖို့က အရေးအကြီးဆုံးဖြစ်နေပြီး စာချုပ်သစ်ကိစ္စကို ဆွေးနွေးဖို့ အချိန်ကောင်းမဟုတ်တဲ့အတွက် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားတယ်လို့ မန်ယူ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ပြောကြားလိုက်ပါတယ်။