ဘောလုံး • 1 min read
သတင်း

လူငယ်ကြယ်ပွင့် ဝီလျံဘားနက်ကို စပါးအသင်း စာချုပ်သစ် ချုပ်ဆို

One News

Nov 25, 2026

လူငယ်ကြယ်ပွင့် ဝီလျံဘားနက်ကို စပါးအသင်း စာချုပ်သစ် ချုပ်ဆို
0 Shares
13 Views

 

စပါးအသင်းဟာ အသက် ၁၈ နှစ်အရွယ် ကစားသမား လူကာ ဝီလျံဘားနက်ကို ကာလရှည် သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တယ်လို့ အင်္ဂါနေ့က သတင်းထုတ်ပြန်ပါတယ်။

ဝီလျံဘားနက်ဟာ ပြီးခဲ့တဲ့ စနေညက အစ်ဆွစ်ချ်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ စပါးအသင်းအတွက် ပထမဆုံးပွဲအဖြစ် ဝင်ရောက်ကစားပေးခဲ့ပြီး သွင်းဂိုးတစ်ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ဝီလျံဘားနက်ရဲ့ စာချုပ်သက်တမ်းကို စပါးအသင်းက ထုတ်ဖော်ပြောကြားတာ မရှိဘဲ ကာလရှည်စာချုပ် ဖြစ်တယ်လို့ပဲ ဖော်ပြထားပါတယ်။စပါးအသင်းအတွက် ကစားပေးခွင့်ရတဲ့ ပထမဆုံးပွဲမှာပဲ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ ဝီလျံဘားနက်ကို စပါးအသင်းနည်းပြ ဒီဇာဘီကလည်း ချီးကျူးထားသလို အသင်း အနာဂတ်အတွက် အားကိုးရမယ့် ကစားသမား ဖြစ်တယ်လို့ ပြောထားပါတယ်။

စပါးအသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရသလို ပထမဆုံးဂိုးလည်း သွင်းယူနိုင်ခဲ့ပြီး စာချုပ်သစ်ပါ ချုပ်ဆို ခွင့်ရခဲ့တဲ့အတွက် အခုတစ်ပတ်က သူ့ရဲ့ဘဝမှာ ထူးခြားတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်လို့ လူငယ်ကြယ်ပွင့် ဝီလျံဘားနက်က ဖွင့်ဟခဲ့ပါတယ်။၂၀၀၇ ခုနှစ်က ဂါရက်ဘေးလ်နောက်ပိုင်း စပါးအသင်းရဲ့ အသက်အငယ်ဆုံး ပရီးမီးယားလိဂ် ဂိုးသွင်းသူလည်း ဖြစ်တဲ့ ဝီလျံဘားနက်ဟာ အစ်ဆွစ်ချ်နဲ့ပွဲမှာ ဆိုလန်ကီရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘောလုံး
သတင်း

ဇီဒန်းနှင့် နှိုင်းယှဉ်ချီးကျူးမှုများကို ဘယ်လင်ဟမ် ပယ်ချ

One News

Nov 25, 2026 7

PSV အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လှပတဲ့သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့ပြီးနောက် ဂန္ထဝင်ကွင်းလယ်လူ ဇီဒန်းနဲ့နှိုင်းယှဉ်ချီးကျူးမှုတွေကို ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ပယ်ချလိုက် ပါတယ်။