တနင်္ဂနွေညမှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်အတွက် စိတ်အားထက်သန်နေပြီး အာဆင်နယ်အသင်းနောက်ခံလူ ဂါဘရီရယ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အရေးအတွက် ပြင်ဆင်ထားတယ်လို့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ အာဆင်နယ်လိုအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့အတွက် မန်စီးတီးအနေနဲ့ အခုထက် ပိုမို တိုးတက်ကောင်း မွန်အောင် ကစားဖို့ လိုအပ်တယ်လို့ ဟာလန်းက သုံးသပ်ခဲ့ပါတယ်။မန်စီးတီးအသင်းဟာ ကြားရက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ပြိုင်ပွဲစုံနောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက် ခဲ့တာပါ။
မန်စီးတီးအသင်းအတွက် ကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက်ဂိုးပေါက်ပျောက်နေခဲ့တဲ့ ဟာလန်း ကတော့ အာဆင်နယ်အသင်းရဲ့ ကျစ်လစ်တဲ့ခံစစ်ကို ထိုးဖောက်နိုင်ဖို့အတွက် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။လက်ရှိချန်ပီယံရဲ့ အိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်လို့ ဒီရာသီ အခက်ခဲဆုံးပွဲတစ်ပွဲလို့ ပြောနိုင်ပြီး ဒီပွဲမှာ ရလဒ်ကောင်းဖို့အတွက်ဆိုရင် အသင်းက အခုထက် ပိုကောင်းအောင် ကစားနိုင်ဖို့ လိုအပ်တယ်လို့ ဟာလန်းက ပြောသွားခဲ့ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
လိဒ်အသင်းနှင့် စာချုပ်သစ်ကို ကယ်ဗက်လီဝင် ချုပ်ဆို
One News
Nov 27, 2026 11အသင်းတချို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်ဗက်လီဝင်ဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပါတယ်။အသက် ၂၉ နှစ်အရွယ် ကယ်ဗက်လီဝင်ဟာ နည်းပြဖာကီရဲ့ လိဒ်အသင်းအတွက် အခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားခဲ့တာဖြစ်ပါတယ်။
-
လူငယ်ကြယ်ပွင့် ဝီလျံဘားနက်ကို စပါးအသင်း စာချုပ်သစ် ချုပ်ဆို
-
ဇီဒန်းနှင့် နှိုင်းယှဉ်ချီးကျူးမှုများကို ဘယ်လင်ဟမ် ပယ်ချ
-
အခြားသူကိုမျှော်လင့်မည့်အစား ကိုယ်တိုင်ရုန်းထကြရန် မိုင်နူးတိုက်တွန်း
-
ဂိုးသမားရာယာ၏ဒဏ်ရာ ခွဲစိတ်စရာမလိုအပ်
-
စာချုပ်သစ်ဆွေးနွေးမှု ရပ်ဆိုင်းထားဟု ဖာနန်ဒက်စ် အတည်ပြု
-
ပီအက်စ်ဂျီကစားသမား ဒူရေး ပြင်းထန်သည့် ဒူးဒဏ်ရာရရှိ