မြန်မာနိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသတို့အကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေး အတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနဲ့ ရုရှားနိုင်ငံ၊ နိုဗို စီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စအန်နာဆာဂျီယဲဗ်နာ့ ဗင်နီကော့ဗာတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်၊၊

အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး ဧည့်တွေ့ ဆောင်မှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စအန်နာဆာဂျီယဲဗ်နာ့ ဗင်နီကော့ဗာ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တာပါ၊၊

အဲဒီလိုတွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသတို့အကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။




