ရန်ကုန်နိုင်ငံတကာ ကုန်စည်ပြပွဲ ၂၀၂၅ ကို လာမဲ့ နိုဝင်ဘာ ၁၄ ရက်ကနေ ၁၆ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်း ပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊

ပြပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းယားလိတ် ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ(YCC) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်၊၊ပြပွဲမှာ လယ်ယာသုံး စက်ယန္တရားတွေဖြစ်တဲ့ ထွန်စက်၊ ဆန်စက်၊ ဆီစက်နဲ့ မြေဩဇာထုပ်ပိုးမှု စက်ယန္တရားတွေ၊ ကုန်စည်ပို့ဆောင်တာနဲ့ သိုလှောင်တာ၊ အအေးခန်းသိုလှောင်ခြင်းဆိုင်ရာလုပ်ငန်းတွေ၊ Renewable Energy Technology, Solar Panel, Battery, Inverters & Transformer တွေ၊ ဓာတ်ဆီ၊ ဒီဇယ်တွေနဲ့ CNG Generator တွေ၊ Auto, Saloon နဲ့ ဘတ်စကား၊ ထရပ်ကား၊ EV ကား၊ EV Cycle တွေနဲ့ အော်တိုအပိုပစ္စည်းတွေ ပါဝင်ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊

အခုပြပွဲဟာ နိုင်ငံတကာက ထုတ်ကုန်တွေနဲ့ နည်းပညာ တိုးတက်မှုအသစ်တွေကို တစ်နေရာတည်းမှာ စုစည်း တင်ဆက် ပြသပေးသွားမယ့် ပြပွဲကြီးလည်း ဖြစ်ပါတယ်။ဒါ့အပြင် ပြပွဲကြီးမှာ ဝင်ရောက်ပြသလိုသူ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေအနေနဲ့ ပြခန်းတွေကို ကြိုတင်ရယူပြီး ဝင်ရောက်ပြသနိုင်သလို ပြပွဲလာရောက်လေ့လာမဲ့ သူတွေအတွက်လည်း ပညာပေး ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲ တွေကို အထူးအစီအစဉ်အနေနဲ့ ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




