ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းသွားလာခွင့်ကို လုံခြုံစေဖိုအတွက် ဘာရိန်းဆုံးဖြတ်ချက်တစ်ရပ်ကို လာမယ့် အပတ်အတွင်း မဲပေးဆုံးဖြတ်သွားမယ်လို မျှော်လင့်ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ သံတမန်အများအပြားက မဲပေးမှုကို နောက်အပတ်အထိ ရွှေ့ဆိုင်းထားပြီး ရက်စွဲအသစ်ကို မသတ်မှတ်ရသေးဘူးလို ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဘာရိန်းရဲ့ ကုလသမဂ္ဂမစ်ရှင်ဟာ နှောင့်နှေးမှု အကြောင်းရင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို တောင်းဆိုမှုကို ချက်ချင်းတုံပြန်တာမျိုး မရှိသေးဘူးလို သိရပါတယ်။ မူကြမ်းဆုံးဖြတ်ချက်ကို အတည်ပြုပါက နိုင်ငံအများအပြားဟာ ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် ဖြတ်သန်းသွားလာခွင့်ကို လုံခြုံစေဖိုအတွက် “ လိုအပ်တဲ့ ကာကွယ်ရေးနည်းလမ်းအားလုံး” ကို အသုံးပြုဖို ခွင့်ပြုသွားမှာဖြစ်ပါတယ်။ စစ်ပွဲစတင်ကတည်းက ထိရောက်စွာ ပိတ်ထားခဲ့တဲ့ ရေလက်ကြားအတွင်း ရေတပ်လှုပ်ရှားမှုကိုလည်း ခွင့်ပြုသွားမှာဖြစ်ပါတယ်။



