၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီး အပိုင်းလိုက် ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၉ နေရာအတွက်ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကိုပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန် ကြေညာရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၂၇)ဦး ရရှိသွားပါတယ်။

အခုထုတ်ပြန်ကြေညာချက်မှာ စစ်ကိုင်း တိုင်းဒေသကြီး(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၂)မှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက(၈)ဦးနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက(၄)ဦး၊ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က(၃)ဦး၊ပြည်သူ့ပါတီက(၁)ဦး၊ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီက(၁)ဦး၊တနင်္သာရီတိုင်းဒေသကြီး(မဲအများဆုံးရသူအနိုင်ယူစနစ်)မှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက(၂)ဦး၊တနင်္သာရီတိုင်းဒေသကြီး(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၁)မှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက(၅)ဦး၊ပြည့်သူ့ပါတီက(၃)ဦးနဲ့မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီက(၂)ဦးပါဝင်တာပါ။
ဒါအပြင်ကချင်ပြည်နယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)မှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက(၂)ဦး၊ကချင်ပြည်နယ်(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၂)မှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက(၅)ဦး၊၊တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီက(၂)ဦး၊ပြည်သူ့ရှေ့ဆောင်ပါတီက(၁)ဦးနဲ့ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီက(၁)ဦး၊ကရင်ပြည်နယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)မှာ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက(၂)ဦးနဲ့ကရင်ပြည်နယ်(အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ်အမှတ်(၁)မှာ ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက(၃)ဦး၊ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(၂)ဦး၊ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီက(၁)ဦး၊ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက(၁)ဦးတို့ပါဝင်ပါတယ်။

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ၂၈ရက်ကစပြီး အပိုင်းလိုက်ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် ၇၃နယ်၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၂၆နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် ၂၅၅နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၄၂နယ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။




