ဆရာအတတ်သင်ပညာဦးစီးဌာနအောက်ရှိ ပညာရေးဒီဂရီကောလိပ်(၂၅)ကျောင်းက ပညာရေး ဒီဂရီကောလိပ် အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဆင့်အဖြစ် တိုးမြှင့်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချောချောစိန်က ပြောပါတယ်။ဇန်နဝါရီလ(၈)ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် အခုလို အဆင့်မြှင့်တင်ဖို့လုပ်ဆောင်ရတာဟာ အခြေခံပညာကျောင်းတွေမှာ အထက်တန်းပြဆရာတွေ လိုအပ် ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ပညာရေးဒီဂရီကောလိပ်တွေက မွေးထုတ်လိုက်တဲ့ အလယ် တန်းပြ ဆရာ/ဆရာမလောင်းတွေထဲက ထူးချွန်တဲ့ကျောင်းသား/ကျောင်းသူတွေအတွက် ပညာဆက်လက်သင် ယူမှု အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။




