ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ၂၀၂၆ခုနှစ် နှစ်သစ်ကိုကြိုဆိုဖို့လာရောက်ကြတဲ့ ပြည်သူတွေကိုဒီဇင်ဘာ၃၁ရက် ညနေပိုင်းကစတုဒိသာကျွေးမွေးလှူဒါန်းပါတယ်။

အခုလိုစတုဒိသာကျွေးမွေးလှူဒါန်းမှုကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ကျွေးမွေးတာဖြစ်ပါတယ်။
နှစ်သစ်ကိုကြိုဆိုဖို့လာကြတဲ့ပြည်သူတွေအတွက် ကြက်ဥကြာဇံကြော် ဘူး ၇ထောင်ကို စတုဒိသာအဖြစ်ကျွေးမွေးလှူဒါန်းတာဖြစ်တယ်လို့ဗဟန်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးလင်းဇော်စိုးကပြောပါတယ်။ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးအစီစဥ်အဖြစ်ည၁၂နာရီထိုးတဲ့အချိန် Countdown ရေးတွက်တာတွေ၊ ဂီတဖျော်ဖြေပွဲနဲ့ဈေးရောင်းပွဲတော်တွေ ကျင်းပနေတာပါ။

ဒါ့အပြင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဈေးရောင်းပွဲတော်နဲ့ ဂီတဖျော်ဖြေပွဲကိုကိုလည်း ဇန်နဝါရီလ ၁ရက်ကနေ ၄ရက်အထိ ဆက်လက်ကျင်းပမှာဖြစ်ပြီး အဲဒီရက်တွေမှာလဲ လာရောက်ကြတဲ့ ပြည်သူတွေကို စတုဒိသာ ထမင်းဟင်းတွေ ဆက်လက်ကျွေးမွေးလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။




