ပဲခူးတိုင်းဒေသကြီး၊ မဒေါက်မြို့နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၂၆ရက် မနက် ၇ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်၊၊အဲဒီထုတ်ပြန်ချက်မှာ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ပေဝက်ကျော် ကျော်လွန် နေပြီး နောက် ၁ ရက်အတွင်းမှာ ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်၊၊

ဒါ့အပြင် သံလွင်မြစ်ရေကလည်း ဘားအံမြို့မှာ အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်ကို ပေဝက်ကျော် ကျော်လွန် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်းမှာ အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊ဒါ့ကြောင့် ဘားအံနဲ့မဒေါက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ သတိပြု နေထိုင် နိုင်ဖို့နဲ့ ရေဘေးလွတ်ရာနေရာတွေကို ရှောင်ရှားနိုင်ဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်၊၊




