အောက်တိုဘာ(၂၀)ရက်နေ့က ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ လီဗာပူးအသင်းဟာ အနိုင်ရခဲ့တာ ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
ခြေစွမ်းကောင်းနေတဲ့ အသင်း နှစ်သင်း တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တာကြောင့် အကြိတ်အနယ်ရှိခဲ့ပေမယ့် လီဗာပူးအသင်းက နိုင်ပွဲရအောင် ကစားနိုင်ခဲ့တာပါ။
လီဗာပူးအသင်းဟာ အိမ်ကွင်းဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်ကို အနိုင်ရအောင် ကစားဖို့ အတွက် ပြင်ဆင်လာခဲ့ပြီး ဒီယက်ဇ်အစား ဂတ်ပို ပါဝင်လာတာကလွဲလို့ အသင်းရဲ့အဓိကကစားသမားတွေကိုသာ ပွဲထွက်စာရင်းမှာ အသုံးပြုလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကလည်း အခုပွဲစဉ်ကို ရလဒ်ကောင်းရအောင် ကစား နိုင်ဖို့အတွက် ပြင်ဆင်လာခဲ့ပေမယ့်လည်း နောက်တန်းကစားပုံ အမှားအယွင်းတွေကြောင့် လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။
လီဗာပူးအသင်းအတွက် ဂိုးတွေကို ပွဲချိန်(၂၉)မိနစ်မှာ ပင်နယ်တီကတစ်ဆင့် ဆာလက်က သွင်းယူပေးခဲ့ပြီး ပွဲချိန် (၅၁)မိနစ်မှာ ကာတစ်ဂျုံးစ်က ဒုတိယဂိုး သွင်းယူပေးခဲ့တာပါ။
ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန်(၄၈)မိနစ်မှာ ဂျက်ဆန်က သွင်းယူပေးခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်မှာ (၇)ပွဲနိုင်၊ (၁)ပွဲရှုံး၊ ရမှတ်(၂၁)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။