အမေရိကန်နိုင်ငံမှာကျင်းပမယ့် လာမယ့်(၂၀၂၅) ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်တာမိုင်ယာမီအသင်းက အိမ်ရှင် ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အတည်ပြုသွားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ အခုဘောလုံးရာသီမှာ မေဂျာလိဂ် Supporters’ Shieldကို ရယူနိုင်ခဲ့တာကြောင့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အိမ်ရှင်ကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။
အင်တာမိုင်ယာမီအသင်းဟာ အခုဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် မေဂျာလိဂ် Supporters’ Shield ချန်ပီယံဖြစ်လာခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အင်တာမိုင်ယာမီအသင်းရဲ့ ဆုဖလားအောင်ပွဲခံ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အခုလိုစွမ်းဆောင်ရည်တွေကြောင့် လာမယ့်(၂၀၂၅) ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်တာမိုင်ယာမီအသင်းက အိမ်ရှင်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုလည်း ရရှိခဲ့တယ်လို့ အင်ဖန်တီနို က ဆက်လက်ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် (၂၀၂၅)ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို လာမယ့်နှစ် ဇွန်လ(၁၅)ရက်ကနေ ဇူလိုင်လ(၁၃)ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။