အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ကို ဇူလိုင် ၃၁ ရက် ရက်စွဲနဲ့ ခန့်အပ်တာဝန်ပေးရာမှာ ဦးသန်းစိုးက ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

ဦးသန်းစိုးဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ ဒုတိယဥက္ကဋ္ဌ အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခံခဲ့ရပြီး အခုကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရတာဖြစ်ပါတယ်။အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ခန့်အပ်တာဝန်ပေးလိုက်ပေးတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုး၊ အဖွဲ့ဝင်တွေအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးအောင်စောဝင်း၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးမျိုးလှိုင်၊ ဦးသန်းထွတ်သိန်း၊ ဦးတင်ဆွေဝင်းနဲ့ ဦးအောင်မြင့်လွင်တို့ ပါဝင်ပါတယ်။




