ဂါဇာစစ်ပွဲအဆုံးသတ်သွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကြွေးကြော်ခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်မှာ ဟားမတ်စ်အဖွဲ့က သေဆုံးသူ ဓားစာခံရုပ်အလောင်းတွေ အစ္စရေးနိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ဒီလိုလွှဲပြောင်းပေးအပ်တာက စစ်ပွဲအဆုံးသတ်ရေးအတွက် တိုးတက်မှုလက္ခဏာတစ်ရပ်ဖြစ်တယ်လို့ ဟားမတ်စ် အဖွဲ့က ပြောပါတယ်။

အလားတူ အစ္စရေးဘက်ကလည်း ဂါဇာက အကျဉ်းသား ၁,၇၀၀ ကျော်နဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၅၀ ကို ပြန်လွှတ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ဂါဇာမှာရှိတဲ့ ဆေးရုံတွေကလည်း ပြန်လွတ်လာမဲ့ သူတို့အကျဉ်းသားတွေအတွက် စီစဉ်ပြင်ဆင်တာတွေ ပြုလုပ် ထားတယ်လို့ သိရပါတယ်။ သမ္မတထရမ့်ရဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေး အစီအစဉ် ပထမအဆင့်ကို အစ္စရေး အစိုးရက တရားဝင် အတည်ပြုပြီးတဲ့နောက်မှာ ဟားမတ်စ်နဲ့အပစ်ရပ်ရေး သဘောတူညီချက် ရခဲ့တာဖြစ်ပါတယ်။




