အမေရိကန်လေတပ်အတွက် Boeing က ထုတ်လုပ်တဲ့ Air Force One ဂျက်လေယာဉ်အသစ်နှစ်စင်းအနက် ပထမဆုံးတစ်စင်း ပေးပို့မယ့်အစီအစဉ်ကို ၂၀၂၈ ခုနှစ်လယ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်။

Air Force One ဂျက်လေယာဉ်ပေးပို့မှု နောက်ထပ်တစ်နှစ် ရွှေ့ဆိုင်းလိုက်ကြောင်း ပြောကြားခဲ့ပြီး ဒါဟာ နှောင့်နှေးမှုများစွာထဲက တစ်ခုဖြစ်တယ်လို့ အမေရိကန်လေတပ်ဘက်ကထုတ်ပြန်ပါတယ်။ အမေရိကန်သမ္မတ ရဲ့ နောက်မျိုးဆက် လေကြောင်းသယ်ယူပို့ဆောင်ရေးအဖြစ် အသုံးပြုဖို့အတွက် အဆင့်မြင့်ဆက်သွယ်ရေးနဲ့ ကာကွယ်ရေးစနစ်တွေ တပ်ဆင်ထားပြီး ပြောင်းလဲခြင်းပါဝင်တဲ့ အထူးဂျက်လေယာဉ် 747-8 Air Force One လေယာဉ်နှစ်စင်းကို ပေးပို့ရမယ့် အချိန်ဇယားထက်နောက်ကျသွားနေတာဖြစ်ပါတယ်။

Boeing က ပေးပို့ဖို့အစီအစဉ်ဟာ တိုးတက်မှုတွေ ရရှိနေပြီလို့ ပြောပါတယ်၊ “ကျွန်တော်တို့ အာရုံစိုက်နေတာက နိုင်ငံအတွက် ထူးချွန်တဲ့ Air Force One လေယာဉ်နှစ်စင်း ပေးပို့ဖို့ဖြစ်တယ်လို့ Boeing က ပြောပါတယ်။




