နေတိုးမဟာမိတ်အဖွဲ့တွေက အီရန်ဆိပ်ကမ်းတွေကိုပိတ်ဆို့မဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်မှာ ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း Reuters သတင်းမှာဖော်ပြပါတယ်။ အခုလုပ်ရပ်ဟာ မဟာမိတ်အဖွဲအတွင်း တင်းမာမှုတွေကို တိုးပွားလာစေမဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ နေတိုးမဟာမိတ်အဖွဲ့တွေက ဝေဖန်ပြောဆိုထားပါတယ်။

တစ်ဖက်မှာလည်း အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါဂါလီဘတ်က ခြိမ်းခြောက်မှုတွေအောက်မှာ အညံ့ခံမှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပြီး ရေလက်ကြားကို ချဉ်းကပ်လာတဲ့ စစ်သင်္ဘောတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထားပါတယ်။သီတင်းပတ် ၆ ပတ်ကြာရှိနေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ရည်ရွယ်ပြီး ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်မှာကျင်းပခဲ့တဲ့ အဆင့်မြင့်ဆွေးနွေးပွဲတွေအတွင်း အမေရိကန်ရဲ့ “အမြင့်ဆုံးဝါဒ” နဲ့ “ရည်မှန်းချက်ပန်းတိုင်တွေ ရွေ့လျားခြင်း”တို့က သဘောတူညီချက် ပျက်ပြားရတဲ့ အကြောင်းရင်းဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရာချီက ဧပြီ ၁၃ ရက် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။




