အီရန်ရဲ့ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆိုဖြတ်တောက်မှုတွေ စတင်လိုက်ပြီဖြစ်ပြီး အီရန်ဟာ သဘောတူညီချက်ရဖို့ အသည်းအသန် လိုလားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

အီရန် ဆိပ်ကမ်းတွေကို အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ စတင်အသက်ဝင်နေပြီဖြစ်ပြီး အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မနက် ၁၀ နာရီမှာ စတင်မယ်လို့ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့တာပါ။အိမ်ဖြူတော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအရ အီရန်ဟာ သဘောတူညီချက်ရဖို့ အသည်းအသန်ဖြစ်နေပြီး ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့ မနက်မှာပဲ သဘောတူညီချက် ရယူဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက သူ့ဆီကို ဖုန်းဆက်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ဒါ့အပြင် ထရမ့်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သတိပေးချက်တစ်ခုတင်ခဲ့ပြီး ပိတ်ဆို့ထားတဲ့ နယ်မြေထဲကို ချဉ်းကပ်လာမဲ့ အီရန်ရဲ့ တိုက်ခိုက်ရေး အမြန်ယာဥ်တွေကို ချက်ချင်းရှင်းပစ်မယ်လို့ ရေးသားခဲ့ပါတယ်။




