ဗြိတိန်နိုင်ငံသား ဒန်နီရယ် ဒူဘော့စ်ဟာ သူပိုင်ဆိုင်ထားတဲ့ WBO ဟဲဗီးဝိတ်တန်းချန်ပီယံဆု ကာကွယ်ပွဲ အဖြစ် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှာ ကမ္ဘာ့ချန်ပီယံဟောင်း နယူးဇီလန်နိုင်ငံသား ပါကားနဲ့ ထိုးသတ်မှာဖြစ်တယ်လို့ ပွဲစီစဉ်သူ ဖရန့်ဝါရန်က အတည်ပြုလိုက်ပါတယ်။
ဒူဘော့စ်နဲ့ ပါကားတို့ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ဒူဘော့စ်ရဲ့ IBF ဟဲဗီးဝိတ်တန်းချန်ပီယံဆု ကာကွယ်ပွဲအဖြစ် ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဒူဘော့စ်က အဖျားရောဂါခံစားခဲ့ရတာကြောင့် ပွဲကို ဖျက်လိုက်ရတာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဒူဘော့စ်က ကစားသမားဘဝ ၂၇ ပွဲထိုးသတ်ခဲ့ရာမှာ ၂၄ ပွဲအထိ အနိုင်ရထားခဲ့ တာဖြစ်သလို ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်က ထိုးတဲ့ပွဲမှာ ဝက်ဒလေကို အနိုင်ရပြီး WBO ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလက ထိုးခဲ့တဲ့ ဝက်ဒလေနဲ့ မကျေပွဲမှာလည်း ဒူဘော့စ်က ဒုတိယအချီမှာပဲ အလဲထိုးအနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ပထမဆုံးအကြိမ် ကာကွယ်ထားနိုင် ခဲ့ပါတယ်။ဒူဘော့စ်ရဲ့ ချန်ပီယံဆုကို စိန်ခေါ်မယ့် ပါကားကတော့ အခုချန်ပီယံဆုကို ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် တွေမှာ ရယူထားနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ တားမြစ်ဆေးစစ်ဆေးမှုကျခဲ့တာကြောင့် ယာယီပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လမှာ ပွဲပြန်လည်ထိုးခွင့် ရရှိထားခဲ့တာဖြစ် ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
အိုပီတိုင်ယာ၏ လက်ဒဏ်ရာကြောင့် ဝိုင်းဒါးနှင့်ပွဲ ဖျက်သိမ်းလိုက်ရ
One News
Nov 19, 2026 31ခရူဇာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း အိုပီတိုင်ယာဟာ လက်ဒဏ်ရာရခဲ့တာကြောင့် နောက်လထဲ ထိုးသတ်မယ့် အမေရိကန်နိုင်ငံသား ဒီယွန်တေး ဝိုင်းဒါးနဲ့ပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။