ကိုယ်ခံပညာ • 1 min read
သတင်း

အိုပီတိုင်ယာ၏ လက်ဒဏ်ရာကြောင့် ဝိုင်းဒါးနှင့်ပွဲ ဖျက်သိမ်းလိုက်ရ

One News

Nov 19, 2026

အိုပီတိုင်ယာ၏ လက်ဒဏ်ရာကြောင့် ဝိုင်းဒါးနှင့်ပွဲ ဖျက်သိမ်းလိုက်ရ
0 Shares
7 Views

 

ခရူဇာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း အိုပီတိုင်ယာဟာ လက်ဒဏ်ရာရခဲ့တာကြောင့် နောက်လထဲ ထိုးသတ်မယ့် အမေရိကန်နိုင်ငံသား ဒီယွန်တေး ဝိုင်းဒါးနဲ့ပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

ပရိုအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ၃၁ ပွဲစလုံး အနိုင်ရထားခဲ့တဲ့ အိုပီတိုင်ယာဟာ ဒီဇင်ဘာလ ၁၁ ရက်မှာ ထိုးသတ်မယ့် ဂျော့ရှုအာနဲ့ တိုင်ဆန်ဖြူရီတို့ ဟဲဗီးဝိတ်တန်း ပွဲစဉ်မှာ တွဲဆိုင်းတစ်ခုအဖြစ် ဝိုင်းဒါးနဲ့ ထိုးသတ်ဖို့အတွက် သူပိုင် ဆိုင်ထားတဲ့ WBA ခရူဇာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို အခုလအစောပိုင်းမှာ စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပွဲစဉ်ကနေ ထွက်လိုက်ရတဲ့အတွက် အသက် ၃၁ နှစ်အရွယ် အိုပီတိုင်ယာက ပြိုင်ဘက်ဝိုင်းဒါးကို တောင်း ပန်သွားခဲ့ပြီး ကြိုးစားမျှော်လင့်ထားခဲ့တဲ့ ပွဲကို မထိုးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောသွားပါ တယ်။ပွဲစီစဉ်သူရဲ့ပြောကြားချက်အရ အိုပီတိုင်ယာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ထိုးခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး အဲဒီ ပွဲနောက်ပိုင်း လေ့ကျင့်မှုတွေအတွင်း ဒဏ်ရာက ပိုမိုဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ