ဘောလုံး • 1 min read
သတင်း

လေ့ကျင့်ရေးကို ဒရုန်းဖြင့် ရိုက်ကူးမှု တရားမဝင် သတ်မှတ်သင့်

One News

Nov 21, 2026

လေ့ကျင့်ရေးကို ဒရုန်းဖြင့် ရိုက်ကူးမှု တရားမဝင် သတ်မှတ်သင့်
0 Shares
12 Views

 

အသင်းတစ်သင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ ဒရုန်းနဲ့ ရိုက်ကူးမှုကို တရားမဝင် လုပ်ရပ်အဖြစ် သတ်မှတ်သင့်တယ်လို့ လီဗာပူးအသင်းနည်းပြ အိုင်ရာအိုလာက ပြောဆိုလိုက်ပါတယ်။

မန်ယူအသင်းနည်းပြသစ် ပိုချက်တီနိုရဲ့ ပထမဆုံးလေ့ကျင့်မှုကို ဒရုန်းနဲ့ရိုက်ကူးပြီး အွန်လိုင်းပေါ်တင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြောကြားရာမှာ အိုင်ရာအိုလာက လေ့ကျင့်ရေးကွင်းတွေအနီးမှာ ဒရုန်းတွေနဲ့ ရိုက်ကူးနေမှုကို တရားမဝင် လုပ်ရပ်အဖြစ် သတ်မှတ်သင့်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။မန်ယူအသင်းရဲ့ လေ့ကျင့်ကွင်းဖြစ်တဲ့ ကာရင်တန်ကွင်း ကောင်းကင်ထက်ကနေ ရှုထောင့်မျိုးစုံကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာ မန်ယူအသင်းကစားသမားတွေနဲ့ နည်းပြပိုချက်တီနိုရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ညွှန်ကြားနေပုံကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် ဒရုန်းကိုမောင်းနှင်ရိုက်ကူးခဲ့သူက ပြန်လည်တောင်းပန်ခဲ့ပြီး ဒီဗီဒီယိုကို လူမှုကွန်ရက်ကနေ ပြန်လည်ဖြုတ်ချထားခဲ့ပေမယ့် ရုပ်သံဖိုင်က လူမှုကွန်ရက်မှာ အလျင်အမြန်ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ကြာမြင့်ချိန် ၁၂ မိနစ်ခန့်ရှိတဲ့ မန်ယူအသင်းလေ့ကျင့်နေတဲ့ရုပ်သံဖိုင်က ကြာသပတေးနေ့မှာ သူ့ဆီကို ရောက်ရှိလာခဲ့တယ်လို့ တနင်္ဂနွေနေ့ညမှာ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ရှိနေတဲ့ လီဗာပူးအသင်း နည်းပြ အိုင်ရာအိုလာက ပြောပါတယ်။မန်ယူအသင်းမှာ ဒီလိုတွေဖြစ်ခဲ့သလို လီဗာပူးအသင်းမှာလည်း ဖြစ်လာနိုင်ပြီး ဒီလိုလုပ်ရပ်တွေကို တရားဝင်ခွင့်ပြု ပေးထားတာမျိုးက မဖြစ်သင့်ပါဘူးလို့ နည်းပြ အိုင်ရာအိုလာက ပြောသွားခဲ့ပြီး ဒါ့ကြောင့်လည်း အသင်းတွေမှာ တံခါးပိတ်လေ့ကျင့်မှုဆိုတာတွေက ရှိလာတာ ဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘောလုံး
သတင်း

ဒဏ်ရာကြောင့် ဟယ်ရီကိန်း ၃ လကြာ နားရမည်

One News

Nov 21, 2026 13

သောကြာနေ့ညက ကစားခဲ့တဲ့ ကိုလုံးအသင်းနဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရခဲ့တဲ့ ဘိုင်ယန် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ၃ လလောက် အနားယူရမှာ ဖြစ်တာကြောင့် ၂၀၂၆ ခုနှစ်အတွင်း ကစားဖို့ရှိနေတဲ့ ပွဲစဉ်အားလုံးကို လွဲချော်တော့မှာ ဖြစ်ပါတယ်။