ဇီဒန်းနှင့် နှိုင်းယှဉ်ချီးကျူးမှုများကို ဘယ်လင်ဟမ် ပယ်ချ
One News
Nov 25, 2026
PSV အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လှပတဲ့သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့ပြီးနောက် ဂန္ထဝင်ကွင်းလယ်လူ ဇီဒန်းနဲ့နှိုင်းယှဉ်ချီးကျူးမှုတွေကို ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ပယ်ချလိုက် ပါတယ်။
အင်္ဂါညက ကစားခဲ့တဲ့ပွဲမှာ ရီးရဲလ်အသင်းနည်းပြ မော်ရင်ဟိုက ဘယ်လင်ဟမ်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ် ထားခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာ ရီးရဲလ်အသင်း ရှုံးနိမ့်နေခဲ့ပြီးနောက် ဒုတိယပိုင်း ပြန်စချိန်မှာ ဘယ်လင်ဟမ် ကို လူစားလဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ဘယ်လင်ဟမ် ဝင်ရောက်လာပြီးနောက် ပွဲချိန် မိနစ် ၅၀ မှာ ရီးရဲလ်အသင်း ချေပဂိုးပြန်ရခဲ့သလို ပွဲချိန် မိနစ် ၆၀ မှာ ဘယ်လင်ဟမ်ကိုယ်တိုင် လှပတဲ့သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ရီးရဲလ်အသင်းကို ဦးဆောင်စေခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ရီးရဲလ်နည်းပြမော်ရင်ဟိုက အခုပွဲရဲ့အလှည့်အပြောင်းကို ဘယ်လင်ဟမ်က လုပ်ဆောင်ပေးခဲ့တာ ဖြစ် ပြီး ဘယ်လင်ဟမ်ဝင်ရောက်လာပြီးနောက် အသင်းရဲ့ကစားကွက်က ပိုပြီး ကောင်းမွန်လာခဲ့ပါတယ်လို့ ချီးကျူး လိုက်သလို ဘယ်လင်ဟမ်ရဲ့ ခြေစွမ်းကို ဇီဒန်းနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဘယ်လင်ဟမ်ကတော့ ဇီဒန်းက သူ့ထက် အများကြီးပိုကောင်းတဲ့ ကစားသမား ဖြစ်သလို လှပသေသပ်တဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားပြီး သူလေးစားအားကျရတဲ့ ကစားသမား ဖြစ်ပါတယ်လို့ ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
လူငယ်ကြယ်ပွင့် ဝီလျံဘားနက်ကို စပါးအသင်း စာချုပ်သစ် ချုပ်ဆို
One News
Nov 25, 2026 13စပါးအသင်းဟာ အသက် ၁၈ နှစ်အရွယ် ကစားသမား လူကာ ဝီလျံဘားနက်ကို ကာလရှည် သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တယ်လို့ အင်္ဂါနေ့က သတင်းထုတ်ပြန်ပါတယ်။
-
အခြားသူကိုမျှော်လင့်မည့်အစား ကိုယ်တိုင်ရုန်းထကြရန် မိုင်နူးတိုက်တွန်း
-
ဂိုးသမားရာယာ၏ဒဏ်ရာ ခွဲစိတ်စရာမလိုအပ်
-
စာချုပ်သစ်ဆွေးနွေးမှု ရပ်ဆိုင်းထားဟု ဖာနန်ဒက်စ် အတည်ပြု
-
ပီအက်စ်ဂျီကစားသမား ဒူရေး ပြင်းထန်သည့် ဒူးဒဏ်ရာရရှိ
-
လေ့ကျင့်ရေးကို ဒရုန်းဖြင့် ရိုက်ကူးမှု တရားမဝင် သတ်မှတ်သင့်
-
ဒဏ်ရာကြောင့် ဟယ်ရီကိန်း ၃ လကြာ နားရမည်