ဂိုးသမားရာယာဟာ ပုခုံးဒဏ်ရာကြောင့် အခုညမှာကစားမယ့် ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပေမယ့် ဒဏ်ရာအခြေအနေက အစပိုင်းမျှော်လင့်ထားသလောက် မဆိုးရွားတာကြောင့် ခွဲစိတ်မှုခံယူဖို့အထိ မလိုအပ်ဘူးလို့ အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုခဲ့ပါတယ်။
စပိန်ဂိုးသမားရာယာဟာ စနေနေ့ညက နယူးကာဆယ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲရဲ့ ပွဲချိန် မိနစ် ၇၀ မှာ ဒဏ်ရာကြောင့် လူစားလဲခံလိုက်ရတာဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် ရာယာအနေနဲ့ ပုခုံးအဆစ် လွဲချော်မှုကြောင့် ကာလရှည်ကြာ အနားယူရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ဒေါ့မွန်နဲ့ ကစားမယ့်ပွဲအတွက် ရာယာ အဆင်သင့်မဖြစ်နိုင်ပေမယ့် ဒဏ်ရာအခြေအနေက အစောပိုင်းမျှော်လင့် ထားသလောက် မဆိုးသလို ခွဲစိတ်ကုသမှုခံယူရလောက်တဲ့အထိ မပြင်းထန်ပါဘူးလို့ နည်းပြအာတီတာက တနင်္လာနေ့မှာ အတည်ပြုသွားခဲ့တာပါ။
ဒါပေမဲ့ ရာယာရဲ့ဒဏ်ရာအခြေအနေကို အသေးစိတ်သေချာစွာသိရဖို့အတွက် နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်သွားရမှာဖြစ်ပြီး ဒီသတင်းက တော်တော်လေးကို စိတ်ချမ်းသာစရာကောင်းတဲ့ သတင်းဖြစ်ပါတယ်လို့ အာတီတာက ဆက်ပြောသွားခဲ့ပါတယ်။ရာယာဒဏ်ရာရနေချိန်မှာ အာဆင်နယ်အသင်းအတွက် ကစားပေးနိုင်တဲ့ အရန်ဂိုးသမားတွေအဖြစ် ကီပါနဲ့ မက်စလီယာတို့ရှိနေပြီး စပိန်ဂိုးသမား ကီပါကတော့ နယူးကာဆယ်အသင်းနဲ့ပွဲမှာ ရာယာဒဏ်ရာရသွားပြီးနောက် ဝင်ရောက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
အခြားသူကိုမျှော်လင့်မည့်အစား ကိုယ်တိုင်ရုန်းထကြရန် မိုင်နူးတိုက်တွန်း
One News
Nov 24, 2026 6မန်ယူအသင်းအနေနဲ့ အသင်းသမိုင်းတစ်လျှောက် အနိမ့်ပါးဆုံးအခြေအနေကို ရောက်နေချိန်မှာ အသင်းကို ကယ်တင်ဖို့အတွက် တခြားသူကို မျှော်လင့်နေမယ့်အစား ကိုယ့်ဘာသာ ရုန်းထကြဖို့ ကွင်းလယ်လူ ကိုဘီမိုင်နူးက မန်ယူအသင်းဖော်တွေကို သတိပေးလိုက်ပြီး ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုကိုပြသကြဖို့တိုက်တွန်း လိုက်ပါတယ်။
-
စာချုပ်သစ်ဆွေးနွေးမှု ရပ်ဆိုင်းထားဟု ဖာနန်ဒက်စ် အတည်ပြု
-
ပီအက်စ်ဂျီကစားသမား ဒူရေး ပြင်းထန်သည့် ဒူးဒဏ်ရာရရှိ
-
လေ့ကျင့်ရေးကို ဒရုန်းဖြင့် ရိုက်ကူးမှု တရားမဝင် သတ်မှတ်သင့်
-
ဒဏ်ရာကြောင့် ဟယ်ရီကိန်း ၃ လကြာ နားရမည်
-
တိုက်စစ်မှူး ဗာရီလာကို အသင်းကြီးများ စိတ်ဝင်စားနေ
-
မန်ချက်စတာ၏ အအောင်မြင်ဆုံးအသင်း ပြန်ဖြစ်ရန် ပိုချက်တီနို ရည်ရွယ်