အမေရိကန် • 1 min read
သတင်း

အမေရိကန်ကွန်ဂရက်လွှတ်တော်၌ လူမည်းဒီမိုကရက်တစ်အမတ်အသစ် အများဆုံးဝင်ရောက်

One News

Nov 24, 2026

အမေရိကန်ကွန်ဂရက်လွှတ်တော်၌ လူမည်းဒီမိုကရက်တစ်အမတ်အသစ် အများဆုံးဝင်ရောက်
0 Shares
3 Views

 

အမေရိကန်နိုင်ငံမှာကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး လာမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်တာဝန်ယူမယ့် ကွန်ဂရက်လွှတ်တော်အသစ်ထဲကို လူမည်းဒီမိုကရက်တစ်ပါတီဝင် အမတ်အသစ်တွေအများအပြား ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။

ဒါဟာ ဆယ်စုနှစ်သုံးခုကျော်အတွင်း လူမည်းအမတ်အသစ် အများဆုံးပါဝင်လာမယ့် ကွန်ဂရက်လွှတ်တော်ဖြစ်တယ်လို့ Reuters သတင်းဌာနရဲ့ လေ့လာဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။ဒီလို လူမည်းကိုယ်စားလှယ်တွေ ပိုမိုများပြားလာတာဟာ အမေရိကန်နိုင်ငံရေးနဲ့ ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒတွေ ကိုဘယ်လောက်အထိ ပြောင်းလဲစေနိုင်မလဲဆိုတာ စောင့်ကြည့်စရာ ဖြစ်လာပါတယ်။၂၀၂၇ ခုနှစ် ဇန်နဝါရီမှာ စတင်မယ့် ၁၂၀ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော်မှာ ပထမဆုံးအကြိမ် ရွေးကောက်ခံရတဲ့ လူမည်းအမတ်အသစ် ၁၃ ယောက် ပါဝင်လာမှာဖြစ်ပြီး ၁၉၉၃ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်တယ်လို့ လွှတ်တော်သမိုင်းမှတ်တမ်းအချက်အလက်တွေက ဖော်ပြပါတယ်။

အဲဒီအမတ်အသစ် ၁၃ ယောက်ထဲမှာ အသက် ၃၄ နှစ်နဲ့အောက် အမတ်လေးယောက်ပါဝင်ပြီး လက်ရှိလူမည်းအောက်လွှတ်တော်အမတ်တွေရဲ့ ထက်ဝက်ကျော်ဟာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်တာဝန်ယူခဲ့သူတွေ ဖြစ်ပါတယ်။နိုင်ငံရေးလေ့လာသူတွေရဲ့အဆိုအရ လူမည်းအမတ်တွေ ပိုမိုဝင်ရောက်လာတာဟာ မဲပေးခွင့်ဆိုင်ရာ အခွင့်အရေး တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ် သက်သာရေးနဲ့ စီးပွားရေးမညီမျှမှုလျှော့ချရေးစတဲ့ ကိစ္စတွေမှာ လွှတ်တော်ရဲ့ ဦးစားပေးမူဝါဒတွေကို ပြောင်းလဲလာစေနိုင်ပါတယ်။ဒါ့အပြင် လူငယ်နိုင်ငံရေးသမား မျိုးဆက်သစ်တွေအတွက်လည်း ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒတွေကိုပုံဖော်ရာမှာ ပိုမိုပါဝင်ခွင့်ရလာနိုင်မှာဖြစ်ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
အမေရိကန်
သတင်း

စစ်ရေးဆိုင်ရာ AI ဆုံးဖြတ်ချက်များတွင် လူသားများပါဝင်ရန် ထရမ့် နှင့် ရှီ သဘောတူ

One News

Nov 21, 2026 23

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ AI နည်းပညာကို အသုံးပြုတဲ့အခါ လူသားတွေ မဖြစ်မနေ ပါဝင်ဆုံးဖြတ်ရမယ်ဆိုတဲ့အချက်ကို သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က သောကြာနေ့မှာ ပြောကြားလိုက်တာကို CNBC သတင်းမှာ ဖော်ပြပါတယ်။