မြန်မာ-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်မည်

One News

Nov 28, 2026

မြန်မာ-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်မည်
0 Shares
15 Views

 

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်ကောင်းမွန်လျက်ရှိမှုနဲ့ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

(၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်ခ်မက်) ထိပ်သီးအစည်းအဝေးနဲ့ (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက် မှု(CLMV)ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၂၈ ရက်၊ ဒေသစံတော်ချိန် မနက် ၉ နာရီအချိန်မှာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နဲ့ တွေ့ဆုံဆွေးနွေးကြရာမှာ အခုလိုထည့်သွင်းဆွေးနွေးခဲ့ တာပါ။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ကာကွယ်ရေးနဲ့လုံခြုံရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမယ့်အခြေအနေတွေ၊ မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအစိုးရအနေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ ပပျောက် စေရေးအတွက် ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်နေတဲ့အခြေအနေတွေ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ ပပျောက်ရေးဆောင်ရွက်ရာမှာ နှစ်နိုင်ငံအကြား အပြန်အလှန်သတင်းဖလှယ် မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်နေတဲ့အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် အာဆီယံရဲ့ပဋိညာဉ်အတိုင်း အဖွဲ့ဝင်နိုင်ငံတွေ အပေါ် ဆက်လက်ဆက်ဆံ ဆောင်ရွက်သွားမယ့်အခြေအနေတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံ ပဋိညာဉ်ကို လေးစားလိုက်နာကြဖို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ တည်ဆဲဥပဒေတွေကိုလည်း လေးစားကြဖို့လိုအပ်တဲ့အခြေအနေတွေကို ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အနေနဲ့ အာဆီယံနဲ့ နိုင်ငံတကာမျက်နှာစာမှာ အပြန်အလှန်ရပ်တည် ထောက်ခံပေးလျက်ရှိတဲ့အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး နိုင်ငံတော်အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အခြေအနေတွေ၊ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးတွေ အပြန်အလှန်စေလွှတ်ရေးနဲ့ ပြည်သူအချင်းချင်း ဆက်သွယ်ဆောင် ရွက်မှုတွေမြှင်တင်ဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်လို့လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတကြီးနဲ့အတူ ခရီးစဉ်မှာအဖွဲ့ဝင်တွေအဖြစ် လိုက်ပါသွားတဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနဲ့ တာဝန်ရှိသူတွေတက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နဲ့အတူ ကမ္ဘောဒီးယားအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက် ခဲ့ကြပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
နိုင်ငံခြားရေးရာ
သတင်း

ရုရှားစစ်ရေယာဉ်သုံးစင်း ရန်ကုန်မြို့သို့ ရောက်ရှိ

One News

Nov 26, 2026 22

ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် သုံးစင်းဟာ မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရေးခရီး လည်ပတ်ဖို့အတွက် နိုဝင်ဘာလ ၂၅ ရက်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။