ရုရှားစစ်ရေယာဉ်သုံးစင်း ရန်ကုန်မြို့သို့ ရောက်ရှိ
One News
Nov 26, 2026
ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် သုံးစင်းဟာ မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရေးခရီး လည်ပတ်ဖို့အတွက် နိုဝင်ဘာလ ၂၅ ရက်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ရောက်ရှိလာတဲ့ စစ်ရေယာဉ် သုံးစင်းကတော့ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ၊ ကော်ဗက် စစ်ရေယာဉ် Admiral Tributs နဲ့ ထောက်ပံ့ရေး ရေယာဉ် Pechenga တို့ ဖြစ်ပါတယ်။ရောက်ရှိလာတဲ့ စစ်ရေယာဉ်တွေကို တပ်မတော်(ရေ)က အရာရှိကြီးတွေ၊ အရာရှိ၊ စစ်သည်တွေ၊ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ရုရှားရေတပ်က ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အလက်ဆေး အနာတိုလီဗစ်ရှ် ကီယာရှ်ကိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနဲ့ တာဝန်ရှိသူတွေက ကြိုဆို နှုတ်ဆက်ခဲ့ကြ ပါတယ်။
ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရ နေရာတွေကို သွားရောက်လေ့လာလည်ပတ်တာ၊ နှစ်နိုင်ငံ ချစ်ကြည် ရေး အားကစားပြိုင်ပွဲတွေ ပြုလုပ်တာနဲ့ ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်းတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
အာဆီယံသည်မြန်မာနိုင်ငံအပေါ်ခွဲခြားဆက်ဆံနေဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်
One News
Nov 22, 2026 34အာဆီယံဟာ မြန်မာနိုင်ငံအပေါ်ခွဲခြားဆက်ဆံနေပြီး အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ၊ အထူးသဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှရှိမှု၊ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်မှုနဲ့ တူညီဆန္ဒနဲ့ဆုံးဖြတ်မှုတို့ကို လေးစားလိုက်နာခြင်း မရှိတာဟာအလွန်ပင် စိတ်မကောင်းဖွယ်ရာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။