မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာပြည်တွင်း အမှတ်တံဆိပ်တွေကို နိုင်ငံတကာ ဈေးကွက်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပြီး Pride of Myanmar Products and Global Connection Business Forum ကို ရန်ကုန်မြို့ရှိ The Eravati Sule Grand Hotel မှာ ကျင်းပခဲ့ပါတယ်။

သံရုံးတွေက မြန်မာပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖို့ ကူညီချင်တာတွေရှိတယ်လို့ တောင်းဆိုလာတဲ့ အတွက်ကြောင့် ဒီဖိုရမ်လေးကို လုပ်ဖြစ်တာလို့ STP Event Management Team ရဲ့ Managing Director ဒေါ်သင်းသင်းအောင်က ပြောပါတယ်။ ဖိုရမ်ပထမနေ့နဲ့ဒုတိယနေ့မှာ ပြည်တွင်းပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပြခန်းတွေ ပြသတာအပြင် သနပ် ခါးလိမ်းခြယ်တဲ့ ယဉ်ကျေးမှုကို ဖော်ညွှန်းတဲ့ကမ်ပိန်းတွေလည်း ပါဝင်ပြသခဲ့ကြပါတယ်။နောက်ဆုံးနေ့မှာတော့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သံရုံးကတာဝန်ရှိသူတွေ တွေ့ဆုံပြီး စီးပွားရေး အခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။အဲဒီဖိုရမ်ကို ဩဂုတ်(၉)ရက်ကနေ(၁၁)ရက်အထိ သုံးရက်ကျင်းပခဲ့တာဖြစ်ပြီး ဖိုရမ်ကို ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ နီပေါနဲ့ မလေးရှားသံရုံးတွေ အပါအဝင် ပြည်တွင်းလုပ်ငန်းတွေနဲ့ ပြည်ပဆက်စပ်မှုရှိတဲ့လုပ်ငန်း ၆၀ လောက် တက်ရောက်ခဲ့ကြပါတယ်။




