နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ် ပထမနေ့ဖြစ်တဲ့ မတ်လ၁၃ရက်မှာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲ(ပထမပိုင်း)အဖြစ် “မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအခွင့်အလမ်းများ” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က ဒေါက်တာဇော်ဦးက သဘာပတိဖြစ်ဆောင်ရွက်ကာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Dale Carnegie & Associatesအဖွဲ့တို့က နိုင်ငံတကာပညာရှင်တွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲ(ဒုတိယပိုင်း)အဖြစ် “မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ(၁)” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က ဒေါက်တာခင်မောင်လွင်က သဘာပတိအဖြစ်ဆောင်ရွက်ကာ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က ဒေါက်တာဇော်ဦး၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးတင်နိုင်သိန်း၊ Green Economy Green Groupက အမှုဆောင်ဒါရိုက်တာ ဦးတင်ဝင်းအောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။မြန်မာ့မျက်နှာစာသစ်ဖိုရမ် ဒုတိယနေ့ကိုလည်း မတ်လ၁၄ရက်မှာ ဆက်လက်ကျင်းပတယ်လို့ သိရပါတယ်။




