ရုရှားနိုင်ငံက Smart Meter ထုတ်လုပ်တဲ့စက်ရုံ မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံလိုမှုကို ကြိုဆိုတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ၇ရက်က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Telematic Solutions ကုမ္ပဏီလီမိတက်ရဲ့ Smart Meter ထုတ်လုပ်တဲ့စက်ရုံကို သွားရောက်လေ့လာရာမှာ ပြည်ထောင်စုဝန်ကြီးက အခုလိုပြောကြားလိုက်တာပါ။

ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံး တပ်ဆင်ထုတ်လုပ်ထားတဲ့ Smart Meter စနစ်ကို မြန်မာနိုင်ငံမှာလက်ရှိအသုံးပြုနေတဲ့စနစ်မှာ ပေါင်းစပ်ပြီး အဆင့်မြှင့်တင်ရာမှာ လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့အပေါ် ကြိုဆိုပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။ဒါ့အပြင် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်လိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။



