မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ၈ ခုမှာ ပြန်လည်ထူထောင်ရေးအတွက် ဘိလပ်မြေအိတ် ၅ သန်းကျော် ဖြန့်ဝေနိုင်ဖို့ ဘိလပ်မြေ ထုတ်လုပ်သူများအသင်းနဲ့ ညှိနှိုင်းရရှိပြီး ဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောပါတယ်၊၊

စက်တင်ဘာ ၉ ရက်က စက်မှုဝန်ကြီးဌာနမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တာပါ၊၊မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ၈ ခုမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်း တွေ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့တဲ့ ဘိလပ်မြေအိတ် ၅ ဒသမ ၃၄ သန်းကို ဖြန့်ဝေမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောပါတယ်၊၊အဲဒီအပြင် ဘိလပ်မြေထုတ်လုပ်မှုနည်းပညာတွေ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ နည်း ပညာကောလိပ် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေဲ့ ထည့်သွင်းသင် ကြားပေးနိုင်ရေး ဆွေးနွေးနေပြီး ဘိလပ်မြေ စက်ရုံတွေအနေနဲ့ ကျောင်းသားကျောင်းသူတွေ လက်တွေ့ လာ ရောက်ကွင်းဆင်းရာမှာ လက်ခံဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘိလပ်မြေထုတ်လုပ်သူများအသင်းအနေနဲ့ ဘိလပ်မြေ ထုတ်လုပ်မှုနဲ့ ဆက်စပ်လုပ်ငန်းတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်သွားရမှာဖြစ်ပြီး စက်မှုဝန်ကြီးဌာနအနေနဲ့လည်း ဘိလပ်မြေ ထုတ်လုပ်မှုနည်းပညာတွေ နဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေရှိရင် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ ချာလီသန်းက ပြောကြားခဲ့ပါတယ်၊၊




