စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၊ မြို့မရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာမီးကွင်းကျောင်းတိုက်၊ ဗိမာန်အောက်ထပ်မှာ သက်ကြီးရွယ်အိုဘိုးဘွားများ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ဖို့အတွက် အပူရှောင်စခန်း ဖွင့်လှစ်ထားတယ်လို့ တမူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက သိရပါတယ်။

တမူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ တမူးမြိုနယ် အတွင်း နေထိုင်ကြတဲ့ သက်ကြီးရွယ်အိုဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ဖို့ရည်ရွယ်ကာ အဲဒီအပူရှောင်စခန်းကို ဖွင့်လှစ်ထားတာပါ။အပူဒဏ်ရှောင်တဲ့ သက်ကြီးရွယ်အိုတွေကိုသက်ဆိုင်ရာ ဌာနတွေပူးပေါင်းကာ လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။တမူးမြိုနယ်မှာ အသက် ( ၈၀ )နှစ် နဲ့အထက် သက်ကြီးရွယ်အို အမျိုးသား (၅၄)ဦး ၊ အမျိုးသမီး(၇၅) ဦး စုစုပေါင်း (၁၂၉) ဦးရှိတယ်လို့ သိရပါတယ်။




