အမေရိကန်ဟာ သူတို့ရဲ့ Apache ရဟတ်ယာဉ်ပစ်ချခံရတာကြောင့် ဒီကနေ့ ဇွန်လ ၁၀ ရက်မှာ အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ စတင်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန် Apache ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း တီဟီရန်က ပြောကြားပြီးနောက် အမေရိကန်က ဒီကနေ့ မနက်အစောပိုင်းမှာ အီရန်အပေါ် တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အလားအလာရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် သံသယတွေကို ပိုမိုနက်ရှိုင်းစေပြီး ပျက်စီးလွယ်တဲ့ အပစ်အခတ်ရပ်စဲ ရေးကို ပိုမိုတင်းမာစေခဲ့တာ ဖြစ်ပါတယ်။ လက်စားချေတဲ့အနေနဲ့ အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြား အနီးရှိ အီရန်လေကြောင်းကာကွယ်ရေး၊ မြေပြင်ထိန်းချုပ်ရေးစခန်းတွေနဲ့ စောင့်ကြည့်ရေဒါနေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။




