ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ လေဖိအားနည်းရပ်ဝန်းအဖြစ်ကို အားလျော့ သွားပြီဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ(၁၆)ရက် ညနေ(၄)နာရီအချိန်မှာ အသိပေးထုတ်ပြန်ပါတယ်။

မနက်ဖြန်မနက်ပိုင်းအထိ ခန့်မှန်းချက်မှာတော့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ ရှမ်းပြည်နယ်မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံအပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ထုတ်ပြန်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်းဆိုပါတယ်။

လာမယ့် နောက် ၂ ရက်အတွင်းမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးဆက်လက် ပိုနေမှာဖြစ်တယ်လို့ဆိုပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်မှာ မနက်ဖြန်မနက်ပိုင်းအထိခန့်မှန်းချက်မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာ နိုင်ပြီး ရွာဖို့ရာနှုန်းပြည့် ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ဒါ့အပြင် ရန်ကုန်မြိုနဲ့ အနီးတစ်ဝိုက်မှာ မနက်ဖြန်မနက်ပိုင်းအထိခန့်မှန်းချက်မှာ မိုးအသင့်အတင့် ထစ်ချုန်းရွာ နိုင်သလို မန္တလေးမြိုနဲ့အနီးတစ်ဝိုက်မှာလည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာဖို့ရာနှုန်း ၆၀ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ See less




