ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့အနီးမှာ မေလ ၅ ရက် မနက် ၃ နာရီ ၁ မိနစ် အချိန်လောက်က ပြင်းအား ပမာဏ ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

ကမ္ဘာအေးမြေငလျင်စခန်းကနေ အနောက်-အနောက်တောင်ဘက် (၂၆) မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း မအူပင်မြို့ရဲ့ အရှေ့မြောက်ဘက် (၉)မိုင်ခန့်အကွာ အနက်(၁၆)ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားတာ ဖြစ်ပါ တယ်။




