ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးချက်အရ ထရမ့်ကို လုပ်ကြံပစ်ခတ်သူဟာ စိတ်ဝေဒနာရှင်တစ်ယောက် ဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာ ဧပြီလ ၂၅ ရက် ညက ကျင်းပတဲ့ အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လနီယာထရမ့်တို့ကို လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာကို အမြန်ဆုံး ကယ်ထုတ်သွားခဲ့ရပါတယ်။

မိသားစုဝင်တွေက ထရမ့်နဲ့ အစိုးရအဖွဲ့ဝင်တွေကို တိုက် ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံရသူဟာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ စိတ်ဝေဒနာရှင်တစ်ယောက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ သေနတ်သံ ၇ ချက်၊ ၈ ချက်လောက် ကြားခဲ့ရတယ်လို့ လုံခြုံရေးအရာရှိ တစ်ယောက်က ဆိုပါတယ်။ သေနတ်သံတွေ ထွက်ပေါ်လာချိန်မှာ တက်ရောက်လာသူတွေဟာ စားပွဲတွေ အောက်မှာ ပုန်းခိုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သေနတ်သမားကို ဖမ်းဆီးထားပြီလို့ ထရမ့်က သူရဲ့ Truth Social လူမှုကွန်ရက်ကနေ ရေးသားခဲ့ပါတယ်။




