AIA Coaching Clinic 2026 အစီအစဥ်ရ ရွေးချယ်ခံထားရတဲ့ လူငယ် ဘောလုံးကစားသမား၇ဦးဟာ ကမ္ဘာ့ အဆင့်မီ ဘောလုံးနည်းစနစ်တွေကို ၂ရက် တာ အထူးသင်ကြားလေ့ကျင့်ခွင့်ရရှိမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်(MFF)ကနေသိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ကကြီးမှူးကာ“MFF Summer Football Skills Course 2026 (ရန်ကုန် Batch 1)” သင်တန်းသားတွေထဲက AIA Coaching Clinic 2026 အစီစဥ်အတွက် ဧပြီ၂၅ရက်က လူရွေးချယ်ပွဲ ကျင်းပခဲ့ကြတာပါ။အဲဒီ ရွေးချယ်ပွဲမှာသင်တန်းသားတွေထဲကအရည်အချင်းအလိုက် အကောင်းဆုံး လူငယ် ကစားသမား၇ဦး ရွေးချယ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးချယ်ခံရတဲ့ လူငယ်ကစားသမားတွေဟာ လာမယ့် မေလ(၂)ရက်နဲ့ (၃)ရက်မှာ ရန်ကုန်မြို့မှာ ကျင်းပမယ့် AIA Coaching Clinic 2026 အစီအစဉ်ကို တက်ရောက်ခွင့်ရရှိမှာဖြစ်သလို England Football Association အဆင့်ရှိ နိုင်ငံတကာနည်းပြတွေဆီက ကမ္ဘာ့အဆင့်မီ ဘောလုံးနည်းစနစ်တွေကို ၂ ရက်တာ အထူးသင်ကြား လေ့ကျင့်ခွင့် ရရှိမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ကနေသိရပါတယ်။




