မြန်မာနိုင်ငံကို ခရီးစဉ်ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲ တမ်းကော်မတီဥက္ကဋ္ဌ နဲ့ တရုတ်ကွန်မြူနစ်ပါတီ ပြည်နယ်ကော်မတီ အတွင်းရေးမှူး မစ္စတာ ရွှီချင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနဲ့ ဧပြီလ ၂၀ ရက်၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပြီး ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ ဟေလုံကျန်းပြည်နယ်နဲ့ မြန်မာနိုင်ငံအကြား စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပြီး ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ ပညာရေး ကဏ္ဍတွေမှာ အလားအလာတွေ များစွာ ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ဒါ့အပြင် ကျန်းမာရေးကဏ္ဍနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအ လာတွေကိုလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားခဲ့ပါတယ်။အဲဒီနောက် ဟေလုံကျန်းပြည်နယ်ပါတီအတွင်းရေးမှူး မစ္စတာ ရွှီချင့်က အခု ခရီးစဉ်ဟာ နှစ်နိုင်ငံ အကြီးအကဲ တွေရဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပြီး နှစ်နိုင်ငံဒေသအစိုးရတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို အဆင့်မြှင့်တင်မှာဖြစ်သလို တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူး ပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ် တယ်လို့ ပြောပါတယ်။

ဟေလုံကျန်းပြည်နယ်၊ ဟာပင်းမြို့ နဲ့ ရန်ကုန်မြို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို နီးကပ်ဖို့အတွက် ညီအစ်မ မြို့ တော် (Sister City) အဖြစ် သဘောတူညီနိုင်ဖို့ ဆွေးနွေးနေတာ ရှိပြီး နှစ်နိုင်ငံ မြို့နှစ်မြို့အကြား ပညာရေးကဏ္ဍ နဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ဆွေးနွေးပွဲအပြီးမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနဲ့ ဟေလုံကျန်း ပြည်နယ်ပါတီ အတွင်း ရေးမှူး မစ္စတာ ရွှီချင့်တို့က အပြန်အလှန် လက်ဆောင်တွေ ပေးအပ်ခဲ့ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက် ကူးခဲ့ကြပါတယ်။တွေ့ဆုံဆွေးနွေးပွဲကိုတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနဲ့ အတူ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝင် ဝန်ကြီးတွေ၊ ဟေလုံကျန်း ပြည်နယ်ပါတီ အတွင်းရေးမှူး မစ္စတာ ရွှီချင့်နဲ့အတူ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားနဲ့ သံရုံးတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ဒါ့အပြင် ဧပြီ ၂၀ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ Lotte ဟိုတယ်မှာ တရုတ်နိုင်ငံ၊ ဟေလုံကျန်း ပြည်နယ် နဲ့ မြန်မာ နိုင်ငံ ကော်ပိုရေးရှင်းများ (အသင်းအဖွဲ့များ) ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နဲ့ တာဝန်ရှိသူတွေတက် ရောက်ခဲ့ကြပါတယ်။




