ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ ဦးစိုးဝင်းအပါအဝင် ပုဂ္ဂိုလ် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ကြေညာချက်အမှတ် ၄/၂၀၂၆ နဲ့ ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။အခုဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာ ဥက္ကဋ္ဌအဖြစ် ဦးစိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေး၊ ကောင်စီဝင်တွေအဖြစ် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူနဲ့ ဦးဇော်အေးမောင်တို့ ပါဝင်ပါတယ်။

ပြည်ထောင်စုရဲ့လုံခြုံရေးနဲ့ တရားဥပဒေဆိုင်ရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ ဥပဒေပြဋ္ဌာန်းရေး ဆိုင်ရာကိစ္စရပ်တွေကို အကြံပေးတာနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ ပြုနိုင်ဖို့အတွက် ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ ဥပဒေပုဒ်မ ၅ နဲ့ ၆ တို့အရ အခုလို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။



