အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အပါအဝင် ပုဂ္ဂိုလ် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ကြေညာချက်အမှတ် ၂/၂၀၂၆ နဲ့ ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှာ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၊ ဒုတိယ သမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးတင်မောင်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ နယ်စပ် ရေးရာဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ ပါဝင်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ခ)အရ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးဟာ ရာထူး အလျောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်.




