ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လက်ရှိဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ခန့်အပ်လိုက်တယ်လို့ ဧပြီလ ၆ ရက်က ကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ကြေညာပါတယ်။အစည်းအဝေးမှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ဦးခက်ထိန်နန်ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အဆိုပြုတာ ဖြစ်ပါတယ်။

အဲဒီအဆိုပြုချက်ကို လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူရာမှာ ကန့်ကွက်သူ မရှိတဲ့အတွက် ကချင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ဦးခက်ထိန်နန်ကို ခန့်အပ်ကြောင်း အတည်ပြုလိုက်တာပါ။ဦးခက်ထိန်နန်ဟာ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မြစ်ကြီးနားမဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။




