ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မဟာသင်္ကြန်ပွဲတော်ရက်တွေအတွင်း လာရောက်ရေကစားကြမဲ့ သူတွေ အတွက်တစ်ရက်ကို စတုဒိသာ (၁၂၀၀၀)စာကျွေးမွေးလှူဒါန်းသွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကသိရပါတယ်။သင်္ကြန်ပွဲတော်ကာလအတွင်း စတုဒိသာမဏ္ဍပ်တွေအနေနဲ့ နေ့အလိုက် မြန်မာ့ရိုးရာလက်ဖက်၊ ထမင်းနဲ၊ ရွှေရင် အေး၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ် စတာတွေကို မနက်ပိုင်းမှာ လူဦးရေ ၆၀၀၀ ၊ ညနေပိုင်းမှာ လူဦးရေ ၆၀၀၀နဲ့ တစ်ရက်ကို လူဦးရေ ၁၂၀၀၀ စာအတွက်ကျွေးမွေးလှူဒါန်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

မဟာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့မှာ မိရိုးဖလာ ယဉ်ကျေးမှုနဲ့အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်နိုင်ရေးစီစဉ်ဆောင်ရွက်နေပြီး ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်၊ မင်းရပ်ပြည်သူ့ရင်ပြင်၊ ဧရာဝတီရှုခင်းသာအပန်း ဖြေစခန်းနေရာတွေမှာ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ဗဟိုမဏ္ဍပ်ကို ဆွမ်ပရာဘွမ်လမ်းမကြီး ကျောက်စိမ်းတုံးမီးပွိုင့်ကနေ မီးရထားသံကူးနေရာအထိ လမ်းအရှည် ပေ ၉၅၀ ပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်ကို အဲဒီဆွမ်ပရာဘွမ်လမ်းမကြီးပေါ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကာ စတုဒီသာမဏ္ဍပ်တွေ၊ မြန်မာ့တို့ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ရိုးရာသနပ်ခါး (နံသာလိမ်းခြယ်) မဏ္ဍပ်တွေ၊ လောင်းလှေတွေနဲ့ ရေပက်ကစားမဏ္ဍပ်တွေ ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါ တယ်။

ဒါ့အပြင် စီတာပူရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးရှိ ဧရာဝတီရှုခင်းသာမှာလည်း သဲသောင်ပြင်လမ်းလျှောက် သင်္ကြန်ပွဲတော်အဖြစ် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အများပြည်သူ ပျော်ရွှင်စွာဆင်နွှဲရာမှာ ဧရာဝတီမြစ်အတွင်း ရေကစားတာနဲ့ ပြည်သူတွေ အန္တရာယ်တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး တာဝန်ရှိတွေအနေနဲ့ လုံ ခြုံရေးအစီအစဉ် တွေချမှတ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။




